Ads 468x60px

M2

Tuesday, July 24, 2012

ဘေလာ့ဂ္ဂါ တစ်ယောက် ရဲ့ အိမ်မက်

ဘလော့ဂ်ဂါဆိုတာကတော့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မိမိကိုယ်တိုင် မှတ်စု စာအုပ်တစ်အုပ်ကဲ့သို့ လည်ကောင်း ၊ သတင်း အချက်အလက်များကို မျှဝေပေးရာ နေရာတစ်ခု အဖြစ်လည်ကောင်း ၊ မိမိကိုယ်ပိုင် အတွေးအမြင် အယူအဆများကို တင်ပြရာ စိတ်ပြတင်းပေါက် တစ်ခု အဖြစ်လည်ကောင်း အမျိုးမျိုး သတ်မှတ်နိုင်သည့် သဘော သက်ရောက်မှု ရှိသည်။ ဘလေ့ဂ်ဂါ မှာ ဘလော့ဂ်(blog) များကို ရေးသားသူများကို ခေါ်ဝေါ်သတ်မှတ်ခြင်း တစ်မျိုးလည်း ဖြစ်သည်။
ဘေလာ့ဂ္ဂါဆိုတာ ဘာလဲ။
ဘေလာ့ဂ္ဂါ ဆိုသည္မွာ အဂၤလိပ္အေခၚ blog ကို မြန်မာမှု ပြုထားခြင်း ဖြစ်ပြီး အဆိုပါ blog ရေးသားသူတွေကိုတော့ ဘလော့ဂါ (Blogger) အဖြစ် ခေါ်ဝေါ်ကြခြင်း တစ်မျိုးပင် ဖြစ်သည်။ ဘလော့ (blog) အကြောင်း ပြောမယ် ဆိုယင် ဘလော့( blog) ဘယ်အချိန်က စခဲ့ပြီး ဘယ်အချိန်မှာ ဘလော့ဆိုပြီး ခေါ်ဝေါ် သုံးစွဲ လာကြသလဲ ဆိုတာကို သမိုင်းအကျဉ်း အနည်းငယ် တင်ပြဖို့ လိုအပ်လာသည်။


ဘလော့ဂ်(blog) တွေကို နောက်တစ်မျိုး အခေါ်ကတော့ Weblog ဆိုပြီးတော့လည်း ခေါ်ကြသည်။ Web ဆိုတာကတော့ အားလုံး သိပြီးသား ဖြစ်သော WWW(World Wide Web) ကို ကိုယ်စားပြုထားခြင်းလည်း ဖြစ်သည်။ Weblog ဆိုတာကို ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဂျွန်ဘာဂါ က စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်ရောက်တဲ့ အချိန် ဧပရယ် ၊ မေလ လောက်မှာ ပီတာမာဟို့စ် က weblog ကို နှစ်ခြမ်းခွဲကာ we blog အဖြစ် စတင်သတ်မှတ် ခေါ်ဆိုခဲ့ကြသည်။ ထိုအပြင် သူရဲ့ ၀က်ဘ်ဆိုက်မှာလည်း log အဖြစ် စတင် သုံးနှုန်းခဲ့သည်။ ထိုနောက် google က ပိုင်ဆိုင်ပြီး Pyra Labs ကို စတင်တည်ထောင်သူ တစ်ဦး ဖြစ်တဲ့ အီဗန်ဝီလီယံ က သူရဲ့ lab မှာ blog ကို အသိအမှတ်ပြုပေးခဲ့ကာ သူ့ရဲ့ Lab က ထုတ်ကုန်ကိုလည်း blogger ဆိုပြီး စတင် နာမည် သတ်မှတ်ပေးခဲ့သည်။
အခုအချိန်မှာတော့ blogger ဆိုတဲ့ ထုတ်ကုန်ဟာ ဘလော့ဂါတွေ ကြားမှာ နေပန်းစားနေတဲ့ ထုတ်ကုန်တစ်ခု ဖြစ်နေခဲ့ပြီး ယနေ့အချိန်အထိ အခမဲ့ပေထား တာကိုလည်း တွေ့နိုင်သည်။ ထိုအတွက်ကြောင့် အထက်မှာ ရေးထားသလိုမျိုးပဲ Web နဲ့ Log နှစ်ခုကို we နဲ့ blog အဖြစ် ခွဲထုတ်ပြီး ပေါင်းရာကနေ Blog ဆိုပြီး ဖြစ်လာတာလို့ ဖတ်ရှု့မှတ်သားခဲ့ရဖူးသည်။ ထိုကဲ့သို့ Blog ကို ရေးသားနေသူမို့ Blogger လို့ ခေါ်လိုက်တာဟု ထင်မှတ်ယူနိုင်ပါသည်။ သို့အတွက် ဘလော့ဂ်ဂါ ( Blogger ) ဆိုသော စာလုံးရဲ့ အဓိပ္ပါယ်သည် “ ဘလော့ဂ်ကို စတင်ရေးသားသူ ” လို့ အဓိပ္ပာယ် ဖွင့်ဆိုမယ် ဆိုရင် ရပါပြီ။ ဒီထက်ပိုယင်တော့ အဓိပ္ပာယ် တွေ အများကြီး ထပ်ဆင့်ဖွင့်နိုင်ပါသေးသည်။
ဘလော့ဂ်ဂါများ အဖြစ် စတင်ခံယူကြခြင်း
ဘလော့ဂ်ဂါ အိမ်မက် မက်ရခြင်း အကြောင်းကို တင်ပြရယင်တော့ ယနေ့ ခေတ်လူငယ်များဟာ အမြဲတမ်း စိန်ခေါ်မှုများကို လိုလားနေကြသူများ ဖြစ်သလို မိမိတို့ရဲ့ အတွေးအမြင် ဗဟုသုတများကိုလည်း အခြားသူများကို လွတ်လပ် ပွင့်လင်းစွာ ပြန်လည် တင်ပြချင်သူများ ဖြစ်သည်။ သို့အတွက် မိမိရဲ့ ကိုယ်ပိုင် အတွေးအမြင် ၊ ဗဟုသုတများမှ အစပြုကာ သတင်းအချက်အလက်များ ၊ နည်းပညာ ဗဟုသုတများ အစရှိသော အချက်အလက်များကို တင်ပြရန် အတွက် သီးသန့် နေရာ တစ်ခု လိုအပ်လာသည်။ လိုအပ်လာသော သီးသန့် နေရာမှာ လူငယ်များအတွက် အားလုံး စိတ်ဝင်စားမှုအခံရဆုံး ဖြစ်လာတဲ့ ဘလော့ဂ်များပင် ဖြစ်သည်။
မိမိကိုယ်တိုင် မိမိစိတ်ကြိုက် တီထွင်ခွင့် ၊ ဖန်တီးခွင့် ၊ လွတ်လပ်စွာ တင်ပြခွင့်များ အပြင် အခြားသူများ အတွက် မိမိမှာ ရှိနေသော သတင်းအချက်အလက်များကိုပါ ထပ်မံ တင်ပြနှိုင်ခြင်း ကြောင့် လူငယ်များ ဘလော့ကို စွဲးလမ်းစွာ အသုံးပြုလာကြခြင်း ဖြစ်သည်။ ထိုအပြင် ဘလော့ဂ်များကို လူငယ်တွေ ရွေးချယ်လာကြခြင်းအတွက် အဓိကကျသော အချက်တစ်ချက်မှာ မိမိကိုယ်ပိုင် စာမျက်နှာများစွာကို မိမိနာမည်ဖြင့် ငွေကြေးကုန်ကျစရာ မလိုပဲ အခမဲ့ အသုံးပြုခွင့် ရနေခြင်းများကလည်း ဘလော့ဂ်များကို လူငယ်များ ရွေးချယ် ကြိုက်နှစ်သက်ကြခြင်းများ ဖြစ်သည်။
ထိုအတူပဲ မြန်မာနိုင်ငံမှာ ဘလော့ဂ်တွေကို စတင်အသုံးပြုလာတာကတော့  ၂၀၀၀ ခုနှစ်ကျော်လောက်က ဖြစ်မည်ထင်သည်။ ထိုအချိန်ကတော့ နည်းပညာအရ လွယ်ကူမှုမရှိသေးသလိုပဲ အခုအချိန်မှာလောက် လုပ်ရကိုင်ရတာ အဆင်မပြေသေတဲ့ အပြင် နည်းပညာအတွက် စိတ်ခေါ်မှုများကို လည်း ရင်ဆိုင်ခဲ့ရသေးသည်။ ထိုနောက် ၂၀၀၁-၂၀၀၂ ခုနှစ်လောက် ရောက်တဲ့ အချိန်မှာတော့ နည်းပညာ အတွက် အကူအညီတွေ ရလာသလို ပြည်တွင်းမှာ ရှိတဲ့ ဘလော့ဂ်ဂါ တစ်ချို့ စတင် ရေးသားလာနေကြပြီ ဖြစ်သည်။ ထိုဘလော့ဂ်ဂါများတွင် အထင်ရှားဆုံးနှင့် လူသိအများဆုံး မြန်မာပြည်ရဲ့ ဘလော့ဂ်ဂါ ဘိုအေကြီးများလိုပြောနိုင်သော ကိုအာလူး ၊ ကိုငြိမ်းချမ်း ၊ ကိုညီလင်းဆက် အစရှိသော ဘလော့ဂ်များဖြစ်သည်။  ထိုနောက်မှာတော့ ထိုဘလော့ဂ်ဂါများက သူတို့ရဲ့ ဘလော့ဂ်တွေမှာ ဘလော့ဂ်ရေးသား ရာတွင် အသုံးပြုရမည် နည်းပညာများ ၊ အတက်ပညာများ နှင့် လုပ်ပုံလုပ်နည်းများ အပြင် မိမိအသုံးပြုမည် ဘလော့ဂ်တွင် မြန်မာစာဖောင့်ဖြင့် မြန်မာစာဖတ် ပရိတ်သတ် လက်ခံဖတ်ရှုနိုင်လာအောင် လုပ်နည်းများကိုပါ တင်ဆက်ကာ ဖော်ပြပေးလာကြသည်။ ထိုအတွက် ဘလော့ဂါတွေ အတွက် အိမ်မက်တွေ တကယ်ဖြစ်လာခဲပြီ ဖြစ်သည်။
ဘလော့ဂ်ဂါ ခေတ်ရောက်ပြီ
ယနေ့ခေတ် အချိန်အခါကို ရောက်လာတဲ့ အချိန်မှာတော့ ဘလော့ဂ်တွေဟာ မှတ်စုတွေ ၊ စာတွေ ရေးသားခြင်းထက် အများကြီး ပိုလာကြပြီး နေ့စဉ်ဒိုင်ယာရီ တစ်ခု အနေနဲ့အပြင် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တင်ဆက်ပေးနေသော သတင်းမီဒီယာ တစ်ခု အသွင်သို့ပင် ဆောင်လာလျက်ရှိနေကြသည်။ ထိုကဲ့သို့ ဘလော့ဂ်ဂါ များ အတွက် အဖြစ်အပျက်များမှာ ပြည်ပနိုင်ငံများထက် ပြည်တွင်းမှာပင်လျင် သိသာထင်ရှားစွာဖြင့် မြင်တွေ နို်င်နေပြီ ဖြစ်သည်။ အခြေခံအားဖြင့် ကိုယ်တိုင် တစ်ဦးတည်း သီးသန့် တင်ဆက်ရာ နေရာကိုသာ ဘလော့ဂ်အဖြစ် သတ်မှတ်လေ့ရှိတာကိုလည်း တွေ့ရသည်။
ဘလော့ဂ်များအပြင် နောက်ထပ် ထူးခြားချက်များအဖြစ် လူငယ်တွေ အိပ်မက်တွေ ဖြစ်သော အွန်လိုင်းမှာ အောင်မြင် ကျော်ကြားသူများ ဖြစ်ချင်ကြသည်။ အကြောင်းမှာ အောင်မြင်ကျော်ကြားလိုသော စိတ်တစ်ခုတည်းကြောင့် မဟုတ်ပဲ ကိုယ်ထက် ပညာအများကြီး ငယ်သေးသော အတက်ပညာပိုင်းဆိုင်ရာတွေ ကို အခု အချိန်မှ စတင်လေ့လာနေသော လူငယ်လေးများကို မိမိတို့ သိရှိထားသော အသိပညာတွေ အတက်ပညာတွေကို ဘလော့ဂ်ပေါ်မှ တဆင့် ပြန်လည်မျှဝေနိုင်ရေး အတွက်သာ အထိကထားခြင်းဖြစ်သည်။ ထိုအတွက် မိမိတို့ ကိုယ်ပိုင်အချိန်များစွာကို ဒီကိုယ်ပိုင်ဘလော့ဂ်ပေါ်မှာတင် ကုန်ဆုံးစေယင် ပေးဆပ်ခဲ့ကြရသူများသာ ဖြစ်သည်။ ဒီအတွက် မိမိဘလော့ဂ်ကို တစ်နေ့ဘယ်လောက် ၀င်ကြည့်ကြလဲ။ ဘာစာတွေ လာလာဖတ်နေကြလဲ။ သူတို့ လိုအပ်နေတာက ဘယ်အရတွေလဲ ။ ဒါတွေကို ဘလော့ဂ်ရေးတဲ့ ငါအနေနဲ့ ဘယ်လို ပြန်ပေးနိုင်သလဲ ဆိုတဲ့ အချက်တွေကို စဉ်းစားကြယင် ပိုက်ဆံ တစ်ပြားမှ မရပဲ အချိန်ကုန် ၊ ငွေကုန်ခံကာ ဆက်လက် ရေးသားနေခြင်းများဟာလည်း ဘလော့ဂ်ဂါများအတွက် တကယ်ကို စစ်မှန်သော အိမ်မက် တစ်ခု ဖြစ်စေသည်။
ကိုယ်တိုင်လည်း ဘလော့ဂ်ဂါအဖြစ် အစမ်းသပ် ခံနိုင်
သို့အတွက် စာဖတ်သူကိုယ်တိုင်လည်း ဘလော့ဂ်တစ်ခု ကို စမ်းသပ်ကြည့်နိုင်မှာ ဖြစ်သည်။ ဘလော့ဂ်တစ်ခု စမ်းသပ်ဖို့ အတွက် ပထမဦးဆုံးအနေဖြင့် ငွေကြေး တစ်ပြားတစ်ချပ်မှ မကုန်စေပဲ အသုံးပြုနိုင်သော အခမဲ့ ဘလော့ဂ်စာမျက်နှာများကိုလည်း တင်ဆက်နိုင်သလို မိမိကိုယ်ပိုင် အနေဖြင့် တည်ရှိလိုပါက ဒိုမိန်းဝယ် ၊ ဟိုစ်ဝယ်ကာ မိမိကိုယ်ပိုင် နာမည်တစ်လုံးဖြင့်လည်း ဘလော့၈်တစ်ခု အဖြစ် တင်ဆက်နိုင်သည်။ ဘလော့၈်တစ်ခု ပြုလုပ်ဖို့ အတွက် အစပထမပိုင်းမှာ အချိန်များစွာ ပေးရန် မလိုအပ်သောလည်း နောက်ပိုင်း စာဖတ်ပရိတ်သတ်များလာတာနဲ့ အမျှ မိမိပေးဆပ်လိုက်သော အချိန်တွေ ငွေတွေ ပညာတွေကို သူများတွေ ပြန်လည် အကျိုးရှိရှိ ခံစားနေကြပါလားဆိုတဲ့ စိတ်ခံစားချက်တွေ ၀င်လာတက်ကြပြီး ဒီကမှတဆင့် မိမိကိုယ်ပိုင် ဒိုမိန်းတွေ ၀ယ် ၊ဟို့စ်တွေ ၀ယ်ကာ အချိန်တွေ ထပ်ပေးဆပ်ကြသည်။
ပြည်တွင်းရှိ ဘလော့ဂ်ဂါများအတွက် အဓီက မက်နိုင်သော အိမ်မက်မှာ မိမိဘလော့ဂ်ကို စာဖတ်သူ များများ ၀င်ကြည့်စေချင်သော ဆန္ဒတစ်ခု သာလျင် အရင်းတည်ပြီး ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တစ်ပြားတစ်ချပ်မှ မရှိခဲ့ပေ။ သို့ပေမယ်လည်းနောက်ပိုင်းတွင်တော့ မိမိတက်ကျွမ်းခဲ့သော အတက်ပညာ ၊အသိပညာများဖြင့် စာဖတ်သူတို့ ယုံကြည်ကိုးစား မှုများမှ တဆင့် အောင်မြင်သော ဘလော့ဂ်ပိုင်ရှင်များ ဖြစ်လာကာ ထိုမှတဆင့် မိမိတက်အပ်သော ပညာဖြင့် စီးပွားရှာနိုင်သော ပိုက်ဆံရှာနိုင်သော ဘလော့ဂ်ဂါများအဖြစ် စတင်ရပ်တည်လာနေသော သူများကိုလည်း တွေ့ရသည်။
ဘလော့ဂ် ဖြစ်ဖို့ ဘာတွေ သိထားသင့်လဲ
ဘလော့ဂ်ဂါတစ်ယောက် ဖြစ်ဖို့ အတွက် လိုအပ်ချက်တွေကတော့ အများကြီးပါပဲ။ တိုတိုနဲ့ လိုရင်းပြောရယင်တော့ ဘလော့ဂ်ဂါ တစ်ယောက်အတွက် ဘလော့ဂ် အပေါ်မှာ ရေးသားခြင်း ဆိုင်ရာများမပါပဲ ကိုယ်တိုင် တည်ဆောက်တက်ပြီလား ၊ ဖန်တီးတက်ပြီ လားဆိုတာ အရေးကြီးပါတယ်။ ဘလော့ဂ် တစ်ခု ပြုလုပ်ရတာ လွယ်ပေမယ့် တာရှည် ထိန်းသိမ်းဖို့ နဲ့ အောင်မြင်ဖို့ အတွက်ကတော့ လိုအပ်ချက်တွေ အများကြီးပါပဲ။ ဒီအချက်တွေထဲကမှ အရေးကြီးဆုံးကတော့ မိမိတည်ဆောက်မယ် ဘလော့ဂ်ကို အပြင်ပန်းက ကြည့်လိုက်ယင်တောင် စိတ်ဝင်စားစေနိုင်ဖို့ အတွက် အလှအပများ အရောင်များ နေရာ အထားအသိုများအစရှိတာတွေ ကို လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။ နောက် အချက်တွေကတော့ မိမိဘလော့ဂ်ကို တစ်ခြားသူတွေ သိနိုင်ဖို့ အတွက် လူမှုရေးဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်ပြီး အသိပေးရခြင်း ပင်ဖြစ်သည်။ သို့မဟုတ်ပါက မိမိ ဘလော့ဂ်ကို ဘယ်လောက်ပင် ကောင်းအောင် လုပ်ထားလုပ်ထား ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။. ဒါအပြင် နည်းပညာပိုင်းအရ SEO လိုခေါ်တဲ့ Search Engine Optimization တွေအတွက်လည်း လိုအပ်တာတွေ အများကြီး ရှိနေသေးသည်။ သို့အတွက် ဘလော့ဂ်ဂါ တစ်ယောက် အဖြစ် အိမ်မက် မက်တော့မယ် ဆိုယင် ကိုယ်ကနေ သူများကို အသိပညာတွေ အတက်ပညာတွေ ပေးတော့မယ် ဆိုယင် မိမိကိုယ်တိုင် ၀မ်းစာဖြည့်ထားဖို့ လိုအပ်သည်။ သို့မှသာ ဘလော့ဂ်ဂါတစ်ယောက် ရဲ့ အိမ်မက်ကို တကယ် ခံစားစေနိုင်မှာ ဖြစ်သည်။
(ယခုဆောင်းပါးလေးကတော့ techspace နည်းပညာဂျာနယ် အတွဲ ၁ ၊ အမှတ် ၄ မှာ ပါတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။)

0 comments:

Post a Comment