Ads 468x60px

M2

Saturday, August 4, 2012

ဂူဂဲလ်မြေပုံ (Google Maps) ဖြင့်ခရီးသွားခြင်း

ပထမဦးဆုံး ဂူဂဲမြေပုံ ဆိုက် (http://maps.google.com/) ထဲကိုဝင်လိုက်ပါ ။ အပေါ်မီနူး (Top Menu) နံပါတ် ၄ နေရာမှာ Map ဆိုတဲ့ စာတန်းကို နှိပ်လိုက်လျင် ဂူဂဲလ် မြေပုံ (Google Maps) ဆိုက် ပေါ်လာပါလိမ့်မယ် ။
(Search Box) ထဲမှာ ကိုယ် ရှာချင် ၊ သိချင် ၊ သွားချင်တဲ့ နေရာ နာမည်ကို ရိုက်ထည့်လိုက်ပါ ။ ဥပမာ ကိုရီးယားမှာရှိတဲ့ ဓမ္မဒူတဆင်ထာ (Dhammaduta Buddhist Center in Korea) ကို ရှာချင်တယ်ဆိုပါစို့ ။ Dahammaduta Buddhist Center in Korea ဆိုတဲ့ စာလုံးကို ရိုက်ထည့်ပြီး ၊ ဘေးက (Search Maps) ဆိုတဲ့ Button ကို နှိပ်လိုက်ပါ (Enter မခေါက်ပါနှင့်) ။ အဲဒီမှာ ၊ ဓမ္မဒူတ(ကိုရီးယား)(Dhammaduta Buddhist Center in Korea) နေရာ ပါတဲ့ ဝင်းဒိုး ပေါ်လာပါလိမ့်မယ် ။ (ပေါ်မလာလျင် ဒီမှာနှိပ်လိုက်ပါ ။ မြေပုံအောက်ရှိ View Dhammaduta Buddhist Center in Korea in a large map ဆိုတဲ့ စာတန်းကို နှိပ်ပါ ။)။


ဝင်းဒိုး ဘယ်ဖက်ခြမ်းမှာရှိတဲ့ Dhammaduta Buddhist Center in Korea ဆိုတဲ့ စာတန်းကိုနှိပ်လိုက်လျင်ဖြစ်စေ ၊ မြေပုံပေါ်မှာ ပေါ်နေတဲ့ မှတ်တိုင် (Placemark) ကိုနှိပ်လိုက်လျင်ဖြစ်စေ ၊ ဓမ္မဒူတ (ကိုရီးယား) နှင့်ပတ်သက်တဲ့ သတင်းအချက်အလက်ပါ ဆိုင်းဘုတ် (Information Balloon) တစ်ခုပေါ်လာပါလိမ့်မယ် ။
ဆိုင်းဘုတ် (Information Balloon) ထဲမှာရှိတဲ့ ၊ Get directions ဆိုတဲ့ စာတန်းကို နှိပ်လိုက်လျင် ၊
မိမိသွားလိုတဲ့ နေရာကို ရှာနိုင်ဖို့ ၊ Start Address ဆိုတဲ့ စာတန်းအောက်မှာ Search Box တစ်ခုပေါ်
လာ ပါမယ် ။ Search Box ထဲမှာ ကိုသွားချင်တဲ့ နေရာ (From Here) သို့မဟုတ် ကိုယ်လာမယ့်နေရာ (To Here) အမည်ကို ရိုက်ပြီး ဘေးက Go စာလုံး ကိုနှိပ်လိုက်ပါ ။ ကျနော်ကတော့ နမူနာ အဖြစ် ကိုရီးယားရောက် မြန်မာ လူရည်ချွန် လူရည်မွန်များ (Talented Myanmars) အခြေချနေထိုင်ရာ နေရာလည်းဖြစ် စုစည်းရာ နေရာတစ်ခုလည်းဖြစ်တဲ့ ၊ Gimpo လေဆိပ်နားမှာရှိတဲ့ ဘူမိနက်သန် နေရာမှန် Gochon-myeon ဆိုတဲ့ ရွာနာမည်ကိုရိုက်ထည့်လိုက်ပါ ။ ချက်ချင်း လက်ငင်းဆိုသလို ၊ Gochon-myeon ကနေ Dhammaduta Buddhist Center in Korea ဆီကို ချိတ်ဆက်သွားလာနိုင်တဲ့ လမ်းကြောင်းများပါတဲ့ ဝင်းဒိုးတစ်ခုပေါ်လာပါတယ် ။ ဘယ်ကနေ ဘယ်အထိ လမ်းလျှောက် ၊ ဘယ်နေရာကဘယ်နေရာထိ ဘာကားစီး ၊ ဘယ်နေရာမှာဘာကားပြောင်းစီး ၊ အချိန်ဘယ်လောက်ကြာမယ် ဆိုတာတွေပါ တွက်ပြထားပါတယ် ။ ဒါ့ပြင် မြေပုံပေါ်မှာလည်း လမ်းကြောင်းမြေပုံကို ထင်ရှားတဲ့ အပြာရောင်နှင့် ဆွဲပေးထားပါတယ် ။ နောက် သူကရွေးပေးတဲ့ လမ်းကြောင်းမကြိုက်ရင် ၊ ထပ်ပြီးရွေးနိုင်တဲ့ အကြံပြုလမ်းကြောင်း (Suggested Roads) တွေပါ ထည့်ထားပေးတာပါ ။ စိတ်ကြိုက် လမ်းကြောင်း (Optional Track) တွေကိုပါ နှိပ်ကြည့်လို့ရပါသေးတယ် ။ ဤလိုနည်းဖြင့် ၊ ကိုရီးယားနိုင်ငံတစ်လွှား အခြားနေရာများလည်း ရှာကြည့်နိုင်ကြကြောင်းပါခင်ဗျာ ။


မြေပုံကို ဂြိုဟ်တုရိုက်ကောင်းကင်ဓါတ်ပုံ အဖြစ်ပြောင်းကြည့်ချင်ရင်တော့ မြေပုံအပေါ်ညာဘက်ဒေါင့်မှာရှိတဲ့ Satellite ဆိုတဲ့ စာတမ်း (Button) ကိုနှိပ်လိုက်ပါ ။ ကွင်းပြင် ၊ လွင်ပြင် ၊ တောတောင် ပုံများအဖြစ် ပြောင်းကြည့်ချင်ရင်တော့ Terrain ဆိုတဲ့ စာတမ်းကို နှိပ်ကြည့်ရမှာဖြစ်ပါတယ် ။


ဂူဂဲလ်မြေပုံပေါ်မှာ မိမိတို့နေရာကို ဖော်ပြထားချင်သူများအဖို့ ဘယ်ဘက်ဝင်းဒိုးအပေါ်မှာရှိတဲ့ My Maps ဆိုတဲ့ မီနူး စာတမ်းကိုနှိပ်ပြီး ၊ ပေါ်လာတဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်ပြီး ၊ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လို့ရနိုင်ပါတယ် ။ ကိုယ်ဖန်တီးလိုက်တဲ့မြေပုံလိပ်စာကို အီးမေးလ်ပေးပို့လို့ရသလို ၊ print ထုတ်လို့လည်းရပါတယ် ။ နောက် HTML Code များလည်း ရယူနိုင်ပြီး ၊ အခြားအင်တာနက်စာမျက်နှာမှာလည်း အသုံးပြုလို့လည်းရပါတယ် ။

ဒါ့အပြင် သက်ဆိုင်ရာ ယာဉ်အချိန်ဇယား ၊ ဈေးနှုန်း စတာတွေကိုလည်း တစ်ပါတည်း လေ့လာသိရှိနိုင်ဖို့ ၊ အောက်နားလေးမှာ ရည်ညွှန်းအင်တာနက်စာမျာက်နှာများကိုလည်း ထည့်သွင်းကြော်ငြာပေးထားပါသေးတယ်

0 comments:

Post a Comment